♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်
Thursday, June 6, 2013
♣ သေနတ်ကိုင်ထားသူချင်း ငြိမ်းချမ်းရေးလာတောင်းနေသော ကိစ္စ....
သေနတ်ကိုင်ထားသူချင်းအတူတူ
ငြိမ်းချမ်းရေးလာတောင်းနေတဲ့ ကိစ္စကတော့
တရားလွန်လွန်းမနေဘူးလား....။
အဲဖရက်နိုဗယ်အိပ်သွားခဲ့တာကြာပြီ
ငိုသံ ရယ်သံ မျက်ရည်စတွေကိုတီထွင်ခဲ့တဲ့
သူ့ သမိုင်းကြောင့် ဒီနေ့ ကမ္ဘာက လှနေခဲ့တာဗျ....။
တဖက်ကစားနပ်ရိက္ခာ
တဖက်ကဘာသာရေးပြဿနာ
တဖက်ကတင်းမာမှု
တဖက်က......
ကိုင်း ဘယ်တရား ဘယ်ဘုရားကယ်ကယ်
ဘယ့်နှယ့်လုပ်ကြမတုန်းပဲ ပြောကြပါစို့ ....။
သိပ်ကြောက်နေဖို့ မလိုတာ
ငါတို့ ရှေ့ ကသေခြင်းတရားပဲ
နောက်ဆုတ်မလား ရှေ့ တိုးမလားဆိုတာက
မိမိရဲ့ ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်ဗျာ....။
မှတ်ချက်။ ။ world peace နှင့် ကမ္ဘာ့ စားနပ်ရိက္ခာအကြောင်း
မော်ဒန်ကဗျာဖွဲ့ ဆိုပါသည်....။
Sunday, May 5, 2013
Friday, April 19, 2013
♣ ရှုထောင့်များ.....
ယ ပက်လက်လား?
င့ါ ဘက် ကတော့ ကကြီးမှ ကကြီးအစစ်ကွ
အရပ်ကူပါ လူဝိုင်းပါနဲ့ 
ဖလင်တစ်ပုဒ်ဖြစ်တတ်တဲ့ အရေးလောက်တော့
တဖြည်းဖြည်းငါ ပျင်းလာတာ ဆန်းလားကွာ.....။
♣ kaungzawhtet>yangon> myanmar
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com
♦kzh1980@gmail.com
☺ my face book is kaungzawhtet
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com
Subscribe to:
Comments (Atom)





